ဗီယက်နမ်၌ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိလာ

 


ဟနွိုင်း ဩဂုတ် ၂၆

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်းနာရာနှင့် ဆက်နွှယ်သော မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘေးအန္တရာယ်နှင့် တာတမံစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဩဂုတ် ၂၆ ရက်တွင် ပြောသည်။

တိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နေအိမ် ထောင်နှင့်ချီ ထိခိုက်ပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။ ထို့ပြင် အခြားနေအိမ်ပေါင်း ၃၇၄၆ အိမ်မှာ ရေလွှမ်းမိုးမှုဖြစ်ပွားပြီး အိမ်ထောင်စု ၂၈၂၃ စုမှာ ရေကြီးရေလျှံမှုကြောင့် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရသည်။                                                    

ဆင်ဟွာ

No comments

Powered by Blogger.