ပါကစ္စတန်၌ ဆေးရုံမီးလောင်မှုကြောင့် မွေးကင်းစကလေး ၁၄ ဦး သေဆုံး
အစ္စလာမ္မာဘတ် ဩဂုတ် ၂၆
ပါကစ္စတန်နိုင်ငံ ဆေးသိပ္ပံအင်စတီကျုရှိ
သားဖွားမီးယပ်ဆောင်၌ ဩဂုတ် ၂၆ ရက်က မီးလောင်မှုဖြစ်ပွားရာ မွေးကင်းစကလေး ၁၄ ဦး
သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်များက ပြောသည်။ ကလေးများရှိရာ ဆေးရုံတတိယထပ်ရှိ သားဖွားမီးယပ်ဆောင်၌ နံနက် ၆ နာရီ မိနစ် ၄၀ ဝန်းကျင်က မီးစတင်လောင်ခဲ့ခြင်း ဖြစ်သည်ဟု
သတင်းအရင်းအမြစ်က ပြောသည်။
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့သည်
ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး မီးသတ်တပ်ဖွဲ့၊ လူနာတင်ယာဉ် များနှင့်
ရဲများသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိလာကြသည်။ အဆိုပါ အဆောင်မှ ကလေးအချို့ကို
ကယ်တင်နိုင်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းနှင့် ထိခိုက်သေဆုံးသူ များ၏ အခြေအနေများကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments