နိုင်ဂျီးရီးယား၌ ဆုံဆို့နာရောဂါကြောင့် ကလေး ၅၀ ခန့် သေဆုံး
အဘူဂျာ ဩဂုတ် ၂၆
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်၌ ဆုံဆို့နာရောဂါ ဖြစ်ပွားမှုကြောင့် ကလေး ၅၀ ခန့် သေဆုံးပြီး ကလေးအချို့ ဆေးရုံတက်ဆေးကုသမှုခံယူနေရကြောင်း
ပြည်နယ်လွှတ်တော်၌ ဩဂုတ် ၂၅ ရက်တွင် ပြောသည်။
ကူးစက်မှုဖြစ်ပွားနေသည့်
ပြည်နယ်များသို့ အရေးပေါ်ကူညီမှုများရောက်ရှိရန်လည်း တောင်းဆိုခဲ့သည်။ ကူးစက်မှု များကို ထိန်းချုပ်ရန်နှင့် ပြည်နယ်ကျန်းမာရေးကာကွယ်ရေးဥပဒေကို
အသုံးပြုရန် အစိုးရကို တောင်းဆိုခဲ့သည်။ ဆုံဆို့နာရောဂါသည် ဗက်တီးရီးယားကြောင့်ဖြစ်သော
ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်း
အထက်ပိုင်းကို ထိခိုက်စေကာ နှလုံးနှင့်
အာရုံကြောများကို
ထိခိုက်စေသည့် အဆိပ်ကို ထုတ်လုပ်ပေးသည်။
နိုင်ဂျီးရီးယားနိုင်ငံ၌
ကာကွယ်ဆေးအပြည့် မထိုးရသေးသည့် ကလေးနှစ်သန်းကျော်ရှိပြီး ၎င်းတို့ထဲတွင် တစ်ကြိမ် တစ်ခါမျှပင်
ကာကွယ်ဆေးမထိုးဖူးသေးသည့်ကလေးများ ပါဝင်နေကြောင်း သိရသည်။
ဆင်ဟွာ

No comments