ထိုင်းနိုင်ငံရှိ ကျောင်းတစ်ကျောင်း၌ သိပ္ပံစမ်းသပ်မှုပေါက်ကွဲ၍ ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာရ
ဗန်ကောက် ဩဂုတ် ၂၆
ယာလာပြည်နယ်ရှိ ကျောင်းတစ်ကျောင်း၌
သိပ္ပံစမ်းသပ်မှုတစ်ခု ပြုလုပ်ချိန်၌ အယ်လ်ကိုဟော ပေါက်ကွဲမှုကြောင့် ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဩဂုတ်
၂၆ ရက်က ဖော်ပြခဲ့သည်။
ယင်းဖြစ်စဉ်သည် တောင်ပိုင်းနယ်စပ် ဒေသယာလာပြည်နယ်
ယာဟာခရိုင်ရှိ ဘန်တာချီကျောင်းတွင် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာလာပြည်နယ် ပြည်သူ့ဆက်ဆံရေးရုံး၏ ထုတ်ပြန်ချက်အရ စာသင်ခန်းအတွင်း သိပ္ပံစမ်းသပ်မှုတစ်ခုပြုလုပ်နေစဉ် အယ်လ်ကိုဟောပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
ဖြစ်စဉ်အတွင်း ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ
ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက် အတိအကျမသိရသေးကြောင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူအားလုံးကို ဆေးကုသမှုခံယူရန် ယာဟာဆေးရုံနှင့် ယာလာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ၊
ဗန်ကောက်ပို့စ်

No comments