အာကာသယာဉ်လွှတ်တင်ရေးစခန်းတည်ဆောက်ရန် SpaceX က အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
လော့စ်အိန်ဂျလိစ် ဩဂုတ် ၂၆
အမေရိကန်အာကာသကုမ္ပဏီဖြစ်သည့် SpaceX
ကုမ္ပဏီသည် လူဝီစီယားနားပြည်နယ်၌ ကုမ္ပဏီ၏ အကြီးဆုံးနှင့် စတုတ္ထမြောက်
အာကာသယာဉ်လွှတ်တင်ရေးစခန်းသစ်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီး မြှုပ်နှံသွားရန်
အစီအစဉ်ရှိသည်ဟု ဩဂုတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
စတားဘေ့စ်လူဝီစီယားနားဟု
အမည်ပေးထားသည့် အဆိုပါစခန်းကို လူဝီစီယားနားပြည်နယ်တောင်ပိုင်း ဗာမီလီယန် ပဲရစ်ချ်တွင် တည်ဆောက်သွားမည်ဖြစ်သည်ဟု
လူဝီစီယားနားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနက ပြောသည်။
အဆိုပါစခန်းသည် အာကာသယာဉ်များကို တစ်နှစ်လျှင် ထောင်နှင့်ချီ၍ လွှတ်တင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၇ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၉ ခုနှစ်တွင် အာကာသယာဉ်ကို
ပထမဦးဆုံးလွှတ်တင်နိုင်ရေး ရည်မှန်းထားသည်။
အဆိုပါ အာကာသယာဉ်လွှတ်တင်ရေးစခန်းသစ်ကြောင့်
အလုပ်အကိုင်ပေါင်း ၃၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု
SpaceX ကုမ္ပဏီက ပြောသည်။
ဆင်ဟွာ

No comments