ပန်းဘဲတန်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေ
ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်
သိမ်ကြီးဈေး (ဘီ)ရုံ ဈေးဆိုင်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းတို့ကို ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ အသိပညာပေးရာတွင် ကျောက်တံတားခရိုင်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက ဦးဆောင်ပြီး ပန်းဘဲတန်းမြို့နယ်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးပိုင်နှင့် ဆရာ ဆရာမများ၊ မြို့နယ်စည်ပင်
သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့်
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ဈေးဆိုင်များသို့ အသိပညာပေး
ဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments