ပါကစ္စတန်အကျဉ်းထောင်များမှလွတ်မြောက်လာသော အာဖဂန်နိုင်ငံသား ၉၀၀ နီးပါး နေရပ်ပြန်လာ
ဩဂုတ်
၁၃
ပါကစ္စတန်နိုင်ငံရှိ
အကျဉ်းထောင်များမှ အာဖဂန်နစ္စတန်နိုင်ငံသား စုစုပေါင်း ၈၇၅ ဦးကို ပြီးခဲ့သည့်သီတင်းပတ်ကပြန်လွှတ်ပေးခဲ့ပြီး
နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အာဖဂန် ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက
ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါနေရပ်ပြန်လာသူများတွင်
မိသားစုများ၊ ကလေးများနှင့် ပါကစ္စတန်အကျဉ်းထောင်များတွင် ကာလအမျိုးမျိုးနှင့် အကြောင်းပြချက်အမျိုးမျိုးဖြင့်
ထိန်းသိမ်းခံထားရသော တစ်ကိုယ်ရေသမားများ ပါဝင်ကြောင်း ထိုဝန်ကြီးဌာန၏ ကြေညာချက်တွင်
ဖော်ပြထားသည်။
နေရပ်ပြန်လာသူများအနက်
၈၁၀ သည် Torkham ဖြတ်ကျော်ဂိတ်မှတစ်ဆင့် အာဖဂန်နစ္စတန်သို့ ဝင်ရောက်ခဲ့ပြီး ကျန် ၆၅
ဦးမှာ Spin Boldak ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု ယင်းဝန်ကြီးဌာနက
ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments