ကျောက်ဆည်မြို့နယ် ချောင်းဆုံကျေးရွာ၌ စိုက်ပျိုးထားသော ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
ကျောက်ဆည် ဩဂုတ်
၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးပဲစင်းငုံသီနှံ ၃၃၅ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ
သိရပြီး ချောင်းဆုံကျေးရွာ တောင်သူ ဦးမင်းမင်း စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ
အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ပဲစင်ငုံသီးနှံစိုက်ပျိုးရာ၌ ဒေသအလိုက် ပဲတီစိမ်း၊ ဝါ၊
နှမ်းသီနှံများကို သီးညှပ်အဖြစ် တွဲဖက်၍ စိုက်ပျိုးကြကြောင်း၊ အဆိုပါ သီးညှပ်သီးနှံများ
ရိတ်သိမ်းပြီးသည့်အချိန်တွင် ပဲစင်ငုံအပင်များ ကြီးထွားသန်မာ၍ အပွင့်များ
ဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်ဝင်လာစေရန်အတွက်
မြေဆွခြင်း၊ ပေါင်းလိုက်ခြင်းနှင့် လိုအပ်သည့်ဆေးများ ဖျန်းပေးကာ
အပင်ပြုစုခြင်းများ ဆောင်ရွက်ရကြောင်း ပဲစင်ငုံ စိုက် တောင်သူတစ်ဦးက ရှင်းပြသည်။
ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး
ပဲစင်ငုံသီးနှံများကို တိုက်နယ်(၆)၊ တိုက်နယ်(၇)၊
တိုက်နယ်(၈) နှင့် တိုက်နယ်(၁၂) အတွင်းရှိ ကျေးရွာအုပ်စုများတွင်
အများဆုံးစိုက်ပျိုးကြကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
No comments