ထန်းတပင်မြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်




ထန်းတပင်   ဩဂုတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိရာ သြဂုတ် ၁၃ ရက် နံနက်ပိုင်းက ထန်းတပင်မြို့မစျေးနှင့်မြို့ပေါ်ရပ်ကွက်များအလိုက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုင်နိုင်ဦး ဦးဆောင်၍  မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည်  မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်ရှိစျေးဆိုင်များတွင် ရောင်းချ နေသော မုန့်များ၊ ဟင်းသီးဟင်းရွက်များ၊ အသားငါးများနှင့် လက်သုပ်ရောင်းချသည့် ပြည်သူ များအား သန့်ရှင်းစွာရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

ထန်းတပင်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ လူစည်ကားသည့် ဈေးများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတို့တွင် ပြင်းထန်ဝမ်းပျက်လျှောရောဂါအကြောင်း အသိပညာပေးခြင်းလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)



No comments

Powered by Blogger.