စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ကြီးမှူး၍ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲကုသပေးမည့် လူနာများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ



မုံရွာ ဩဂုတ် ၁


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ကြီးမှူး၍ မုံရွာမြို့တွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲကုသပေးမည့် လူနာများအား မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် တာဝန်ရှိသူများက နေထိုင် တည်းခို၊ စားသောက်ရေးကိစ္စများ အဆင်ပြေချောမွေ့စေရေး ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်‌ဇော်
နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရတနာအောင်မြေဘုန်းတော်ကြီးကျောင်းတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကုသမှုခံယူကြမည့်လူနာများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အဆိုပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ လူနာများအား ဩဂုတ် ၁၇ ရက်တွင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တွင် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(ခရိုင် ပြန်/ဆက်)



No comments

Powered by Blogger.