ဗြိတိန်နိုင်ငံ၏ စွမ်းအင်ဈေးနှုန်းကန့်သတ်ချက် အောက်တိုဘာလမှစ၍ လေးရာခိုင်နှုန်း မြင့်တက်မည်

 


လန်ဒန်   ဩဂုတ်    ၂၇

ဗြိတိန်နိုင်ငံ၏ အိမ်သုံးစွမ်းအင်ဈေးနှုန်းကန့်သတ်ချက်မှာ ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း လေးရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း နိုင်ငံ၏ စွမ်းအင်ဈေးနှုန်းထိန်းညှိရေးအဖွဲ့ Ofgem က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ငွေ့နှစ်မျိုးစလုံးအသုံးပြုသည့် ပျမ်းမျှ အိမ်ထောင်စုတစ်စုအတွက်   အောက်တိုဘာ   ၁ ရက်မှ   ဒီဇင်ဘာ  ၃၁ ရက်အထိ သတ်မှတ်ထားသည့် စွမ်းအင်ဈေးနှုန်း ကန့်သတ်ချက်မှာ လက်ရှိတစ်နှစ်လျှင် ပေါင် ၁၆၆၃ မှ ပေါင် ၆၀ မြင့်တက်ကာ ပေါင် ၁၇၂၃ သို့ ရောက်ရှိမည် ဖြစ်ကြောင်း Ofgem က ထုတ်ပြန်ထားသည်။

ဆင်ဟွာ

No comments

Powered by Blogger.