ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်
နေပြည်တော် ဩဂုတ် ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E. Mr. Tor Saralamba သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ် လွှာကို ပေးအပ်သည်။
ဦးစွာ ထိုင်းနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၊ ဂုဏ်ပြုဆောင်ခန်းမကြီးသို့ ရောက်ရှိပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ထိုင်းနိုင်ငံအလံတို့အား အလေးပြုသည်။ ထို့နောက် ထိုင်းနိုင်ငံ သံအမတ်ကြီးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို တီးမှုတ် ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတ၏ ဧည့်ဆောင်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ကောင်းမွန်သော သံတမန်ဆက်ဆံမှုများနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာတိုးတက် ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် ခွဲခွာ၍မရ သော အပြန်အလှန်နားလည် ယုံကြည်ရသည့် အိမ်နီးချင်းနိုင်ငံ များဖြစ်မှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်သွား မည့် အခြေအနေများ၊ နယ်စပ် ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသလုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှုရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံသည် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက် ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံ သံအမတ်ကြီးနှင့် ဇနီးနှင့် တာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments