ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် ဩဂုတ် ၂၈

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံဆွေးနွေးပွဲ များနှင့် စီးပွားရေး ဖိုရမ်များကျင်းပနိုင်ခဲ့မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးနိုင်ခဲ့သည့်အတွက် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရလဒ်ကောင်းများရရှိခဲ့မှု၊ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံအကြားစီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်အစရှိသည့် ကဏ္ဍများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုနှင့် အလားအလာ များကို ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။


တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ သံအမတ်ကြီး နှင့်အတူ ထိုင်း နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.