ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၅၄၇၉ ဧက စိုက်ပျိုးမည်
ပွင့်ဖြူ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း၁၅၄၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၅၄၇၉ ဧက စိုက်ပျိုးရန်လျာထားပြီးသတ်မှတ် စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် အောက်တိုဘာလတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း နှမ်းဧက ၁၅၀၀၀ ကျော် စိုက်ပျိုးဖို့လျာထားပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် တောင်သူတွေကိုပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ အထွက်နှုန်းကောင်းတဲ့နှမ်းမျိုးတွေ စိုက်ပျိုးနိုင်ဖို့ကိုလဲ သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ ဖြစ်ပါတယ်ဟုပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်းသီးနှံအပါအဝင် ဆီထွက်သီးနှံစုံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ၊အထွက်နှုန်းများ ကောင်းမွန်စေရေး ၊ ပိုးမွှားရောဂါ ကင်းရှင်းစေရေး ၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံမျှမကပိုလျှံမှုကိုပါ ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့်ဆီထွက်သီးနှံများဖြစ်သည့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )

No comments