လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်
ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး
လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့က လသာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း
ဗဟိုစံပြခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ပြည့်ဖြိုးက အမှာစကား ပြောကြားပြီး လသာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း
ရည်ရွယ်ချက်များနှင့် လူငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို
ရှင်းလင်း ပြောကြားပြီး လူငယ်ရေးရာ စကားဝိုင်းနှင့် အသိပညာပေး ဟောပြောပွဲများကို ကျင်းပသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊
ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများက ပါဝင်ယှဉ်ပြိုင် ကြသည်။
ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
နေလင်း(ပြန်/ဆက်)

No comments