တွံတေးမြို့နယ်၌ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)အခမ်းအနား ကျင်းပ
တွံတေး သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌
ခရိုင်အဆင့်ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက
သုံးအိမ်ကျေးရွာ မဟာသဒ္ဒမ္မရံသီကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး
ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက အတီးစောမျိုးချစ်တို့က ဖားစည် ကိုးချက်တီးကာ ကရင်လူငယ်
ကိုးဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက
နှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ ယင်းနောက် တွံတေးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ
စောခင်ဇော်က ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)အကြောင်း ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးနှင့် အဖွဲ့ဝင်များက
ကရင်ရိုးရာ ဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက
ကရင်ရိုးရာဒုံးအကအဖွဲ့များအား ဆုငွေများ ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊
လွှတ်တော်ကိုယ်စားလှယ်၊ တွံတေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်
ဌာနဆိုင်ရာတာဝန်ရှိသူများအား ကရင်ဘိုးဘွားများက ချည်ဖြူဖွဲ့ပေးကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)

No comments