ဘားအံမွေးမြူရေးဇုန်၌ ဥစားကြက် ကောင်ရေ ၁၀၀၀၀ မွေးမြူရေးခြံ တည်ဆောက်မည်
ဘားအံ ဩဂုတ် ၂၆
ဘားအံမွေးမြူရေးဇုန်ကို ၂၀၂၁ ခုနှစ်တွင် စတင် ဖော်ဆောင်၍ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက် ဖော်ဆောင်၍ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ဒေသဝမ်းစာ ဖူလုံပိုလျှံရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဥစားကြက် ကောင်ရေ ၁၀၀၀၀ မွေးမြူရေးခြံ တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိသည်။
ယင်းတည်ဆောက်မည့် ဥစားကြက်ခြံသည် ပေ ၂၀၀ ပတ်လည်မွေးမြူရေးခြံတွင် ကောင်ရေ ၂၅၀၀ ဆံ့ကြက်ရုံ လေးရုံ တည်ဆောက်သွားမည်ဖြစ် ပြီး ၁၆ ပတ်အရွယ် ဥစားကြက်မဒမ်းများကိုဝယ်ယူ၍ လှောင်အိမ်စနစ်ဖြင့် မွေးမြူသွားမည်ဖြစ်ကာ တစ်နှစ်ခွဲတစ်ကြိမ် ကြက်များ ထည့်သွင်းလဲလှယ်သွားမည် ဖြစ်ပြီး နိုဝင်ဘာလတွင် စတင်မွေးမြူ၍ ဒီဇင်ဘာလတွင် ကြက်ဥများ စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမွေးမြူရေးခြံ တည်ဆောက်ရေးလုပ်ငန်း ခွင်ရှင်းလင်းဆောင်၌ ပြည်နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီ က ဥစားကြက်မွေးမြူရေးခြံတွင် တည်ဆောက်မည့် အဆောက်အအုံများ၊ မွေးမြူမည့်စနစ်နှင့် မွေးမြူမည့် အစီအစဉ်၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသောရေရရှိရေး လုပ်ငန်းများ၊ ဘားအံစက်မှုဇုန်တွင် မကြာမီဖွင့်လှစ်မည့် တိရစ္ဆာန်အစာစက်ရုံမှ အစာများ၊ ဖြည့်စွက်စာများ ကျွေးမွေးမည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမေးမြန်း ဆွေးနွေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက် တင်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments