တောင်ဥက္ကလာပမြို့နယ် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး




ရန်ကုန်    ဩဂုတ်   ၂၆


ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း လီမိတက်၏  ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ထူးချွန်ဂုဏ်ပြုပွဲနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၄ ရက်က မြို့နယ်သမဝါယမ အသင်းစုခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း လီမိတက်၏ဥက္ကဋ္ဌ ဦးရဲဇော်ဦးက အသင်း၏ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ  ဦးခင်ဇော် က သမဝါယမအသင်းများ၏ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက်  အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင် ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းဝင်အသင်းသားများက သဘောတူကြသဖြင့် သဘာပတိက အတည်ပြုပေးခဲ့ကြောင်း သိရသည်။


ခင်ဆွေနှင်း(ပြန်/ဆက်)

No comments

Powered by Blogger.