ဟင်္သာတမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်
ငဝန်တာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ
ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ဟင်္သာတမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက်
ဧရာရွှေဝါကုမ္ပဏီက ဆန်လေးပြည်ဝင်အိတ် ၁၅၀၀ ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအေးကျော်က လက်ခံရယူပြီး ဟင်္သာတမြို့နယ် ထိန်ကုန်းကျော်ကျေးရွာ ထိန်ကုန်းကျော်ကျောင်းတိုက်၌
ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက
ရပ်ရွာလုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့်
ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှု အခြေအနေများကို
ရှင်းလင်းတင်ပြပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ကာ ထမင်းဘူးများ
ဝေငှပေးသည်။
ထို့အတူ ဟင်္သာတမြို့နယ် စိုင်ပြွန်ကျေးရွာ၌
ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူများ၏ အသက်အိုးအိမ်နှင့် စားဝတ်နေရေးအဆင်ပြေစေရေး
လိုအပ်သည့်အကူအညီများကို ဆက်လက် ဖြည့်ဆည်းပေးမည် ဖြစ်သည့်အတွက် အားမငယ်ဘဲ မိမိတို့၏
နေ့စဉ်လူမှုဘဝများကို အမြန်ဆုံး ပြန်လည်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ရေပြန်လည် ကျဆင်းပါက
စိုက်ပျိုးသီးနှံများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် စက်ယန္တရားနှင့်
သွင်းအားစုများကို အသင့်စုဖွဲ့ ပြင်ဆင်ထားရှိကြောင်း ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က အားပေးစကား ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ
အသိပညာပေး ဟောပြောပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့်
ရေကြည်ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ
ရေကြည်ကုန်းကျောင်းတိုက်၌ ကျောင်းသား ကျောင်းသူများအား စာသင်ကြားပေးနေမှုကို ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments