လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပ
ရန်ကုန် သြဂုတ် ၁၉
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ဩဂုတ် ၁၇ ရက်က လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ
အထက(၃)၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ
ကြီးကြပ်ရေးကော်မတီဝင် ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ - တောင်တွင်းကြီး)က အမှာစကား
ပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ
ဦးမြင့်ဇော်က အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ ရန်ကုန်တိုင်းဒေသကြီး
စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်က ကျောင်းစာကြည့်တိုက်အတွက် ဗဟုသုတရဖွယ် သုတ၊
ရသ၊ စာပေ၊ စာအုပ်မျိုးစုံ ၁၀ဝ ပေးအပ်သည်။
ဆက်လက်၍ ကျောင်းသား လူငယ်များ ဗဟုသုတရရှိရေး၊
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာ ဦးစိုးမိုးသိမ်းက အသိပညာပေး စာပေဟောပြောပြီး
ကျောင်းသားလူငယ်များက လူငယ်စကားဝိုင်းကိုပြုလုပ်၍ ကဗျာ၊ ပုံပြော၊ ကျပန်း၊ ဉာဏစွမ်းရည်
ပြိုင်ပွဲများကျင်းပကာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments