နတ်တလင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီးဆောင်ရွက်

 


နတ်တလင်း သြဂုတ် ၁၉

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အထက(တာပွန်)၌ ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးခြင်းကို နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေမျိုးသက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.