သထုံမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
သထုံ ဩဂုတ် ၁၉
မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ
အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက
သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပသည်။
စကားဝိုင်းတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူလေးဦးက လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်လူမှုဆက်ဆံရေး၊
မိမိအနှစ်သက်ဆုံးစာအုပ် တစ်အုပ်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏
ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ
အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments