မုံရွာခရိုင်အတွင်း စီမံကိန်းလျာထားမှု ရှင်းလင်းပွဲကျင်းပ

 


မုံရွာ ဩဂုတ် ၃၁

 

မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုံရွာခရိုင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မိမိတို့ခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်း လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ဆက်လက်ဆွေးနွေးတင်ပြကြရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးကျော်(ပုံတောင်မြေ)

No comments

Powered by Blogger.