ဒလမြို့နယ် သပြေကုန်းကျေးရွာ၌ မြေငှားဂရန်ပေးအပ်ပွဲ ကျင်းပ

 


ဒလ ဩဂုတ် ၃၁

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သပြေကုန်းကျေးရွာ မဟာဓနိတောဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး တွံတေးခရိုင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများ၏ လက်ဝယ်သို့ ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.