ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
ရန်ကုန် ဩဂုတ် ၁၂
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်
လူငယ်စင်တာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကားပြောကြားပြီး ထူးချွန်လူငယ်များအား ဂုဏ်ပြုဆုများ
ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားတွင် တက်ရောက် လာကြသူများက
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုကြပြီး အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား
ကျောင်းသူများက သူငယ်တော် အက၊ ပုဂံ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က
အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ
လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး
ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားကာ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကို ပြသသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ခင်းကျင်းပြသထားသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် ပြခန်းများကို
လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments