သမဝါယမကောလိပ် (မန္တလေး)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
မန္တလေး ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ် (မန္တလေး) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၈၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကံညွန့်နှင့် အမှတ် (၈၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (အမရပူရ) မှ ရဲအုပ်ဌေးလွင်တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နည်းလမ်းများနှင့် စနစ်တကျ လမ်းကူးသန်းသွားလာရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောပို့ချခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments