ကော့သောင်းမြို့နယ်မှ အသက် ၁၂၁ နှစ် အဘွားဒေါ်ပန်းနွယ်အား အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အတွက် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးဘိုးဘွားအဖြစ် ဂုဏ်ပြုချီးမြှင့်
ကော့သောင်း ဩဂုတ် ၁၂
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ပုဂ္ဂိုလ်များနေ့အတွက် အသက် ၁၂၁ နှစ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး ဘိုးဘွားအဖြစ် ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသူ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်မှ အဘွား ဒေါ်ပန်းနွယ်အား တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါအဘွား၏ နေအိမ်သို့ သွားရောက်ဂါရဝပြုတွေ့ဆုံပြီး အလှူငွေကျပ် ၁၂၂ သိန်းနှင့် ဆန်၊ ဆီ၊ ကြက်ဥစသည့် အခြေခံ စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်းကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ကော့သောင်းမြို့နယ် ချမ်းဖန်းကျေးရွာအုပ်စု သီရိမြိုင် ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့မှ အသက် ၁၀၀ နှင့်အထက် သက်ကြီး ဘိုးဘွား ခုနစ်ဦးအား ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ၌ တွေ့ဆုံဂါရဝပြုပြီး ဘိုးဘွားတစ်ဦးလျှင် အလှူငွေ ကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments