မော်လမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကျင်းပ
မော်လမြိုင် ဩဂုတ် ၁၂
လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်လူငယ်များ၏ စုစည်းညီညွတ်မှုဖြင့် ဘက်ပေါင်းစုံမှ
ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို
ဖော်ဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ယနေ့မွန်းလွဲပိုင်းတွင်
မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
အခမ်းအနားတွင် တိုက်တွန်းမှာကြားသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အမျိုးသမီး
အားကစားအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက မွန်ပြည်နယ်မှ ကဏ္ဍအလိုက် ထူးချွန်လူငယ်များဖြစ်သည့်
ထူးချွန်လူငယ် ၂၂ ဦးနှင့် အားကစားသမားငါးဦး၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်
စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ခြောက်ဦးနှင့် အားကစားပြိုင်ပွဲဆုရရှိသူ ၆၀ တို့အား
ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ထို့ပြင် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများ
ပေးအပ်ခဲ့ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို
ကြည့်ရှုအားပေးကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments