ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သည့် နွေနှမ်း ၁၄၄၇ ဧက ရိတ်သိမ်းပြီးစီး



ငဖဲ  ဩဂုတ် ၇

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နွေနှမ်း ၁၄၄၇ ဧက ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၀၇၃၇  တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ငဖဲမြို့နယ်၌  နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် စမုန်နက် ၄၀၇ ဧက၊ ဆင်းရတနာ(၃) ၅၀ ဧက၊  သိပ္ပံနှမ်းနက် ၆၉၀ ဧကနှင့် ဆင်းရတနာ (၁၂) ၃၀၀ ဧက စုစုပေါင်း ၁၄၄၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး  စမုန်နက်နှမ်းမျိုးနှင့် သိပ္ပံနှမ်းနက်မျိုးများကို  အများဆုံးစိုက်ပျိုးကြကာ  အဆိုပါနှမ်းခင်းများကို ဇူလိုင်လအတွင်းစတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ၁၄၄၇  ဧက အပြီးသတ်ရိတ်သိမ်းပြီးစီးပြီဖြစ်သည်။

 

            ယခုနှစ် ‌နွေနှမ်းသီးနှံစိုက်ပျိုးကြရာတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် တစ်ဧကအထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ခိုင်မာသော မျိုးကောင်းမျိုးသန့်နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစုနှင့်ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စနစ်တကျရိတ်သိမ်းခြွေလှေ့ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများ  ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)

 

No comments

Powered by Blogger.