ဟံသာဝတီယူနိုက်တက်အသင်း တိုက်စစ်နှင့် ခံစစ်ပိုင်းကို အားဖြည့်
ရန်ကုန် ဩဂုတ် ၂၄
လာမည့် ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် အသင်း၏ တိုက်စစ်နှင့် ခံစစ်ပိုင်းကို အားဖြည့်ရန်အတွက်
လူငယ်ကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး ဟိန်းထက်အောင်နှင့် ဂိုးသမား အောင်ပြည့်ဖြိုးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမား
ဟိန်းထက်အောင်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲမှတစ်ဆင့် ၂၀၂၂ ခုနှစ်တွင် သစ္စာအားမာန်အသင်းသို့ရောက်ရှိကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ခဲ့သူဖြစ်သည်။
၂၀၂၅ ရာသီတွင် ဧရာဝတီယူနိုက်တက်အသင်းသို့
ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ဧရာဝတီအတွက် လေးဂိုးသွင်းယူပေးခဲ့ပြီး ဆီးဂိမ်းပြိုင်ပွဲ၏
ပဏာမစာရင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် ၎င်းအား ၂၀၂၉ ခုနှစ်
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲပြီးဆုံးချိန်အထိ သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အလားတူ ခံစစ်ပိုင်းအတွက်
မြန်မာ ယူ-၂၂ လက်ရွေးစင်ဂိုးသမား အောင်ပြည့်ဖြိုးကိုလည်း
နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ ၎င်းသည် မြန်မာ ယူ-၁၉ အသင်းမှတစ်ဆင့်
လက်ရွေးစင်ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းတွင် ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅-၂၆ ရာသီအထိ ဒဂုံစတားအသင်း၌
အဓိကဂိုးသမားအဖြစ် လက်စွမ်းပြခဲ့သူလည်း ဖြစ်သည်။
ဟံသာဝတီယူနိုက်တက်အသင်းသည်
လာမည့် ၂၀၂၆-၂၇ ဘောလုံး ရာသီတွင် အမှတ်ပေးဇယားထိပ်ပိုင်း
၌ ရလဒ်ကောင်းများ ရရှိနိုင်ရန်အတွက်
အထောင်တိုက်စစ်၊
တောင်ပံနှင့်
ဂိုးသမားနေရာများတွင် တည်ငြိမ်မှုရှိသည့် လူငယ်ခြေတက်ကစားသမားများကို
အားဖြည့်ကာ အသင်း၏လိုအပ်ချက်ကို အဆင့်မြှင့်တင်လျက်ရှိသည်။
နေမျိုး၊
ဓာတ်ပုံ-HUFC

No comments