ကျောက်တန်းမြို့နယ်၌ ကျေးရွာမြေငှားဂရန် ပေးအပ်

 


ရန်ကုန် သြဂုတ် ၂၅

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်သည့် အိမ်၊ ခြံမြေများအား ကျေးရွာမြေငှား ဂရန်ပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ကြာကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

ဦးစွာ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ သန်လျင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကို၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောက်တန်းမြို့နယ် လုပ်ငန်းအဖွဲ့ဝင်များက ကြာကန်ကျေးရွာနေ ပြည်သူများအား ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း

No comments

Powered by Blogger.