ပုသိမ်မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


ပုသိမ် ဩဂုတ် ၂၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးကျီးထူ-စိုင်ခြံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ပုသိမ်မြို့နယ် အတွင်းရှိ ငါးကျီးထူ-စိုင်ခြံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  

ကိုကိုဇော်

No comments

Powered by Blogger.