ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ ကျင်းပ
ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ
လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့်
လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့
Lotte Hotel ၌ကျင်းပသည်။
ပြောကြား
ပဉ္စမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက
မင်္ဂလာအောင်မောင်း တီးခတ်ကာ ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထိန်လင်း၊ မြန်မာနိုင်ငံ
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (နေပြည်တော်) ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်ဘိုခန့်တို့က
အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ
ဦးအောင်ကျော်ဇင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အရောင်းပြပွဲကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ
ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ် ၆ ရက်မှ ဩဂုတ်
၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments