တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိ
တီးတိန် ဩဂုတ် ၆
တီးတိန်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့်
တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရသည့် သမဝါယမဦးစီးဌာနပိုင် နှစ်ခန်းတွဲ RC တစ်ထပ် ဝန်ထမ်းအိမ်ရာကို
အမျိုးသား သဘာဝဘေးစီမံ ခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိကြောင်း
သိရသည်။
ထိုသို့ ပြုပြင်တည်ဆောက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး
တည်ဆောက်ရေး စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး မှာကြားသည်။
ထို့ပြင် စကောလမ်းရပ်ကွက် မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ကုန်နှင့်
လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တီးတိန်မြို့ရှိ မြို့မိ
မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသည် တည်ငြိမ်အေးချမ်းရေးကို ဘုံရည်မှန်းချက်
အဖြစ်ထားရှိ၍ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားကာ တီးတိန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်
ရှိသော နိုင်ငံ့ဝန်ထမ်းများအား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ရှောင်စောန်းစံပြကျေးရွာသို့
သွားရောက်၍ တာဝန်ရှိသူများအား ကျေးရွာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments