မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
မင်းဘူး ဩဂုတ် ၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့စကားဝိုင်းကို
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာ အောင်ဓမ္မာရုံ၌ ယနေ့မွန်းလွဲပိုင်းက
ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေမင်းက အမှာစကားပြောကြားပြီး မင်းဘူးခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို
ရှင်းလင်းပြာကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင်
ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦး၊ ခရိုင်မြေစာရင်းဦးစီးဌာန
ဦးစီးမှူးဦးကျော်လွင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဦးကျော်မင်းထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အိအိဆွေအောင်၊
ပညာရေးဦးစီးဌာန လက်ထောက်ပညာရေးမှူး ဦးလှတိုးတို့က သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍
ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)

No comments