အလုံမြို့နယ်လူမှုဖူလုံရေးရုံး၌ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

 


ရန်ကုန် ဩဂုတ် ၁၂

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အလုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော Shwe Taung Construction Services Co.,ltd. မှ အာမခံအလုပ်သမား ဦးစိန်လင်း၏ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူငွေလုံး ငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၁၈၀၀၀၀၀၀ ကို သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းထံ ရုံးခွဲ တာဝန်ခံ၊ နယ်မြေတာဝန်ခံနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ၏ရှေ့တွင် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.