ကျုံဒိုးမြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်

 


ကော့ကရိတ် ဩဂုတ် ၁၂

 

စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အယ်နီညိုဖြစ်စဉ်နှင့် အကျိုးသက်ရောက်မှုများအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အသိပညာပေးဟောပြော ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တောင်သူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာဌာနများအလိုက် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.