တောင်သူများသို့ သီးထပ်စိုက်ပျိုးသီးနှံအဖြစ် ဆီထွက်ပဲပုပ် စိုက်ပျိုးနိုင်ရေး ရေဆင်း(၁၅) ပဲပုပ်မျိုးစေ့များ ဖြန့်ဝေပေး
ပဲခူး ဩဂုတ် ၂၀
နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာအုပ်စု
ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သီးထပ် စိုက်ပျိုးသီးနှံအဖြစ် ဆီထွက်ပဲပုပ်စိုက်ပျိုးနိုင်ရေး
ရေဆင်း ၁၅ ပဲပုပ်မျိုးစေ့များကို ယနေ့နံနက်ပိုင်းက တောင်သူများနှင့် တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့တောင်သူများနှင့် တွေ့ဆုံစဉ်
တစ်နှစ် နှစ်သီးစိုက်ပျိုးသည့် နေရာများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးရန်၊
မိုးစပါးစိုက်ပျိုးပြီးပါက သီးထပ်သီးနှံအား ဆီထွက်ပဲပုပ်စိုက်ပျိုးရန်၊ စိုက်ပျိုးရေအား
အကျိုးရှိရှိသုံးစွဲကြရန်၊ သဘာဝမြေဩဇာအား ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သုံးစွဲရန် မှာကြားပြီး
တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်နည်းစနစ်နှင့် စိုက်ပျိုးသီးနှံအလိုက်
ပြုစုပျိုးထောင်ခြင်းဆိုင်ရာ နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ
ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သီးထပ် စိုက်ပျိုးသီးနှံအဖြစ် ဆီထွက်ပဲပုပ် စိုက်ပျိုးနိုင်ရေး
ရေဆင်း ၁၅ ပဲပုပ်မျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး ကုန်းသာကျေးရွာအုပ်စုရှိ မိုးစပါးအကွက်ကျယ်
စံပြကွက် ဧက ၁၀၀ စတင်ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးခဲ့ကာ တစ်ဧက ပျမ်းမျှ အစိုတင်း
၁၂၅ တင်း ထွက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments