ချင်းပြည်နယ်၌ ကော်ဖီမျိုးကောင်းမျိုးသန့်မျိုးစေ့၊ ပျိုးပင်၊ ထောပတ်ပျိုးပင်၊ ငွေနှင်းမှိုပျိုးထုပ်၊ သဘာဝမြေသြဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်

 


ဟားခါး သြဂုတ် ၂၀

 

ချင်းပြည်နယ်၏ ရာသီဥတုမြေအနေအထားအရ ကုန်းမြင့်ကော်ဖီစိုက်ပျိုးရန် အလွန်သင့်တော်သော ဒေသတစ်ခုဖြစ်ပြီး မျိုးကောင်းမျိုးသန့်ကော်ဖီစိုက်ဧကတိုးချဲ့ရေး၊ စျေးကွက်ဝင်ထောပတ်သီး တိုးတက် စိုက်ပျိုးရေးနှင့် တောင်သူများ ငွေနှင်းမှိုများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိရေးအတွက် တောင်သူများအား ကော်ဖီမျိုးကောင်း မျိုးသန့်မျိုးစေ့များ၊ ကော်ဖီပျိုးပင်များ၊ ထောပတ်ပျိုးပင်များ၊ ငွေနှင်းမှိုပျိုးထုပ်များ၊ စမ်းဝတီသဘာဝ မြေသြဇာနှင့် မျိုးစေ့ချကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကော်ဖီမျိုးကောင်းမျိုးသန့်မျိုးစေ့၊ ပျိုးပင်၊ ထောပတ်ပျိုးပင်၊ ငွေနှင်းမှိုပျိုးထုပ်၊ သဘာဝမြေသြဇာနှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပေးအပ်သည့် မျိုးစေ့၊ ပျိုးပင်၊ သဘာဝမြေသြဇာနှင့် မျိုးစေ့ချကိရိယာများသည် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူပြု စေရုံသာမက ရေရှည်တည်တံ့သော စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြောကြားသည်။

 

အလားတူ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများသည် တောင်သူများအား ကော်ဖီမျိုးကောင်း မျိုးသန့်မျိုးစေ့များ၊ ကော်ဖီပျိုးပင်များ၊ ထောပတ်ပျိုးပင်များ၊ ငွေနှင်းမှိုပျိုးထုပ်များ၊ စမ်းဝတီသဘာဝ မြေသြဇာနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးက ကော်ဖီ၊ ထောပတ်နှင့် ငွေနှင်းမှို စိုက်ပျိုးရေးနည်းစနစ်များနှင့် ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မျိုးစေ့ချကိရိယာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားကာ ခန်းမအတွင်းပြသထားသည့် ပြခန်းငယ်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.