တောင်ဥက္ကလာပမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

 


ရန်ကုန် သြဂုတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇၊ ၁၀) ရပ်ကွက်များအတွင်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်လွင်ဦး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများသုံးစွဲလျက်ရှိ‌သော ရေစည်၊ ရေအိုး၊ ရေကန်များကို စစ်ဆေးခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.