ကော့မှူးမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ကော့မှူး သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သမဝါယမ ဦးစီးဌာနတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သမဝါယမ လုပ်ငန်းများဆောင်ရွက်မှု တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုထွေးက သမဝါယမ ကဏ္ဍမှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း၊ သက်တန့်ရောင်စီမံကိန်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတို့နှင့် သမဝါယမ စနစ်ကိုအခြေခံ၍ စုပေါင်း ဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBFP) စီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသော အသင်းသားတောင်သူများမှ CBFP စီမံကိန်းနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)

No comments