မုံရွာမြို့၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

 


မုံရွာ ဩဂုတ် ၁၂

 

စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၇-၂၀၂၈ ဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက မုံရွာမြို့ရှိ တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက အမှာစကား ပြောကြားသည်။

 

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလွင်က လုပ်ငန်းစီမံကိန်း များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းမြင့်စိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး မူဝါဒညှိနှိုင်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ ဆွေးနွေးကာ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံများက မြို့နယ်အလိုက် ကျေးလက်လမ်း/တံတားလုပ်ငန်း စီမံကိန်း လျာထားချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက် လာကြသော လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.