သုံးခွမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ပြုလုပ်
သုံးခွ သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို သြဂုတ် ၁၁
ရက် နံနက်ပိုင်းက ရှမ်းစုကျေးရွာ ပြည်လုံးချမ်းသာဇမ္ဗူအေးမင်္ဂလသုခဆုတောင်းပြည့် စေတီတော်ဓမ္မာရုံ၌
ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ကျော်မင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမျိုးမြင့်ကျော်တို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ
ဦးစီးအရာရှိ ဦးစသန့်ဖူးအောင်က e-ID စနစ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ
ဦးမျိုးသန်းက စိုက်ပျိုးရေး ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ဒေါက်တာကျော်ကိုကိုခိုင်က မျိုးကောင်း မျိုးသန့် ပြောင်းလဲမွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို
ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)

No comments