မြိတ်မြို့နယ်ရှိ ကျေးရွာအဝင် သံကူကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေး

 


မြိတ် ဩဂုတ် ၁၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာအဝင် သံကူကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မည့် ကျေးရွာချင်းဆက်လမ်းအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြား‌ရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော စလွန်းကျေးရွာအဝင်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် ရှမ်းတောင်- စလွန်းလမ်းပေါ်ရှိ အလျား ၁၀ ပေ၊ အကျယ် ၂၄ ပေ တံတားတစ်စင်းကို ဒေသခံများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ဆောင်ရွက်မည့် ကျေးရွာချင်းဆက် လမ်းဖြစ်သော ရှမ်းတောင်-စလွန်းလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၏ အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။  

ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.