ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Xaysomphone PHOMVIHANE ကွယ်လွန်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ရန်ကုန် ဩဂုတ် ၁၂
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone PHOMVIHANE သည် ၂၀၂၆ ခုနှစ် ဩဂုတ် ၈ ရက်တွင် ကွယ်လွန်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးရန် ရန်ကုန်မြို့ ဒဂုံမြို့နယ် တော်ဝင်လမ်း အမှတ်(၁-အေ) မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးသို့ ယနေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံး မှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ အား သံရုံးဧည့်ခန်းမတွင် တွေ့ဆုံ နှုတ်ဆက်၍ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Xaysomphone PHOMVIHANE ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone PHOMVIHANE သည် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လအထိ (၉)ကြိမ်မြောက်နှင့် ၂၀၂၆ ခုနှစ် မတ်လတွင် (၁၀)ကြိမ်မြောက် လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ယခုကွယ်လွန်ချိန်တွင် အသက် ၇၀ ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments