ကျိုက်ထိုမြို့၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

 


ကျိုက်ထို ဩဂုတ် ၁၂

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စိန်ပန်းခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်နှင့် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးတင်ထွေးတို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်တို့ကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အထက(၂)ကျောင်း Grade (12)မှ မသွန်းဝဿန်မိုး၊ Grade(11)မှ မောင်ရန်နိုင်စိုး၊ မဝေဖူးနိုင်၊ မ‌ရွှန်းနဒီ‌ကျော်၊ မမိုးထက်မဒီတို့က “လူငယ်များကိုပျိုးထောင်ပေးပါ၊ “ဘဝဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး၊ “လူအမျိုးမျိုးစိတ်အဖုံဖုံ၊ “လောကဓံ စသည့်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.