တွံတေးမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြော

 


တွံတေး သြဂုတ် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် အခြေခံ လျှပ်စစ်သွယ်တန်းခြင်း သင်တန်းကို ဩဂုတ် ၁၀ ရက်က စာဖြူစု ကျေးရွာ နှစ်ခြင်းခရစ်ယာန် ကျောင်း၌ ကျင်းပသည်။

 

ရှင်းလင်းပြောကြား

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့် ရှောက်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး​တက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်ခြင်း၊ စစ်တမ်းကောက်ယူခြင်းကို တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ အခြေခံလျှပ်စစ် သွယ်တန်းခြင်း သင်တန်းတွင် သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ နှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)

No comments

Powered by Blogger.