လွိုင်လင်မြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြော
လွိုင်လင် ဩဂုတ် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးပြုလုပ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင် ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပြန်လည်ကုစားရေး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောသည်။
ထို့နောက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ငလျင်ဘေးအန္တရာယ် သိကောင်းစရာများနှင့် ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးဖြူက ကလေးသူငယ်အပေါ် အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောကြကြောင်း သိရသည်။
လွိုင်လင်မိုး

No comments