ရန်ကုန်အမျိုးသားပြတိုက်သို့ မှော်ဘီမြို့နယ်မှ ကျောင်းသား ကျောင်းသူများ လေ့လာ
မှော်ဘီ ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာယာကုန်း)မှ ကျောင်းသား ကျောင်းသူများသည် ဩဂုတ် ၂၁ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။
ထိုသို့ လာရောက်လေ့လာရာတွင် အမျိုးသားပြတိုက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေး၊ ဒေါ်အိသန္တာတို့နှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား လိုက်လံပြသရာ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ရတနာပုံခေတ် အဆက်ဆက် သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအကြောင်းတို့ကို ရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်

No comments