ပုဇွန်တောင်မြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
ရန်ကုန် ဩဂုတ် ၂၅
“လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အင်အားသစ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ လူငယ်စကားဝိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်စိုးတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု၊ အဂတိဆိုတာ ဘာလဲ၊ လူ့ကျင့်ဝတ်၊ လေးစားမှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြသည်။ ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်

No comments